တစ်ခါတစ်လေတော့လည်း

ခုတလော မြင်ရတွေ့ရတာတွေက ငိုရခက်၊ရယ်ရခက်ပါပဲ။ ကိုယ်တိုင်ကပဲ အမြင်တွေ တိမ်းဆောင်းနေလို့လား ...မသိ။ ကြည့်ပါဦး လမ်းဘေးမှာ ပန်းသီးတွေ အော်ရောင်း နေပုံက ....... ပန်းသီးတွေ.. စက်ရုံဈေးနော်... ကြုံတုန်းဝယ်ထားကြ။ အဲ..... ငွေပေါ်ပစ္စည်းဖြတ်တာ ဆိုတာက ပါလိုက်သေး။ အင်း..သူပြောလိုက်တော့လည်း အမှုမဲ့ အမှတ်မဲ့ ဖြတ်လျှောက်သွားသူတွေ ကတော့ ပြုံးစိစိနဲ့ သတိတော့ထာမိသွားတာပဲ..ဟုတ်တော့ ဟုတ်သားပဲ။

မီးပွိုင့်တစ်ခုကိုအဖြတ် ငယ်ငယ်တည်းက စွဲမြဲနေတဲ့ ကဗျာ အပိုင်းအစတစ်ခုက အတွေးထဲဝင်လာတယ်။ မီးစိမ်းမြင်ရ ဖြတ်ကူးကြ မုချ ဘေးကင်းမှာ တဲ့။.... ဒါနဲ့ပဲ မီးပွိုင့်ကို လှမ်းကြည့်... ဟ.. ဘာရောင်မှလဲမတွေ့ဘူး။ လမ်းပေါ်ကြည့်လိုက်တော့ ကားတွေကလည်း ဦးရာသူ ဖြတ်စတမ်း။ ဟာ.... မထူးပါဘူး။ ငါလည်း အဆင်ပြေသလိုပဲ ဖြတ်ရတော့မယ်..။ လက်ဝဲဘက်ကိုကြည့် ဖြတ်လိုက်တယ်။... အင်း..... လမ်းလယ်တော့ ရောက်သွားပီ။ လက်ယာလက်ကိုကြည့် ရှင်းတယ်... ဖြတ်ပီ။ လာလေ့.. ဘုရား နောက်က ကွေ့ဝင်လာတဲ့ ကားကအရှိန်မလျှော့ဘူးဟ။ ရှိသမျှ ပညာကုန်ထုတ်သုံးပြီး တစ်ဖက်ကူး လိုက်တော့ ပလက်ဖောင်းပေါ် ထောင်ထားတဲ့ ဆိုင်းဘုတ်တိုင်နဲ့ ခေါင်းနဲ့ မိတ်ဖွဲ့ဖို့ သီသီကလေး... ဘုရားဘုရား... တော်သေးတာပါပေါ့ ကံကြီးပေလို့။ မော့ကြည်လို့တော့ ရေးထားတာက ယာဉ်တိုက်မှု ကင်းမဲ့ဇုံ တဲ့။ သြော်... ငါကယာဉ်မှမဟုတ်ပဲလေ။...

Post a Comment

ပြောခဲ့နိုင်ပါတယ်။ တစ်ခုခုပေါ့

To be published, comments must be reviewed by the administrator *

Previous Post Next Post
Post ADS 1
Post ADS 1